Skip to content

Latest commit

 

History

History
61 lines (33 loc) · 10.3 KB

File metadata and controls

61 lines (33 loc) · 10.3 KB

Benefits of a Separate EF Core Database Library

ကျွန်တော်တို့ရဲ့ Project တွေမှာ EF Core ကို Database-First ချဉ်းကပ်မှုနဲ့ အသုံးပြုတဲ့အခါ Database နဲ့ သက်ဆိုင်တဲ့ Code တွေကို သီးသန့် Class Library တစ်ခုအနေနဲ့ ဘာကြောင့်ခွဲထုတ်သင့်သလဲဆိုတာကို အသေးစိတ်ရှင်းပြပါမယ်။ ဒီလိုခွဲထုတ်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ Project ကို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းနိုင်ပြီး နောက်ပိုင်းတွေမှာ Feature အသစ်တွေထပ်ထည့်တဲ့အခါ အလွန်အဆင်ပြေစေမှာ ဖြစ်ပါတယ်။


The Main Problem We Face

ကျွန်တော်တို့ရဲ့ Database ဟာ အမြဲတမ်းပြောင်းလဲနေနိုင်ပါတယ်။ Column အသစ်တွေထပ်တိုးတာ၊ Table တွေထပ်ထည့်တာမျိုးတွေ လုပ်ရလေ့ရှိပါတယ်။ အဲ့ဒီအခါတိုင်းမှာ ကျွန်တော်တို့ဟာ EF Core ရဲ့ scaffolding command ကို ပြန်ပြီး run ပေးရပါတယ်။

ပြဿနာကတော့ EF Core ကနေ auto-generate လုပ်ပေးထားတဲ့ DbContext class တွေ၊ Model class တွေနဲ့ ကျွန်တော်တို့ရေးထားတဲ့ business logic တွေ၊ service တွေက Project တစ်ခုတည်းမှာ အတူတူရှိနေတာကြောင့်ဖြစ်ပါတယ်။ Scaffolding command ကို ပြန် run လိုက်တဲ့အခါ EF Core က ရှိပြီးသား auto-generated file တွေကို အသစ်ပြန်ရေး overwrite လုပ်ပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ကိုယ်တိုင် custom ရေးထည့်ထားတဲ့ code တွေ၊ method တွေ ထဲမှာ EFCore နဲ့ ပတ်သက်တဲ့ auto-generate လုပ်ပေးထားတဲ့ Code တွေကို ယူသုံးခဲ့သည်ရှိသော် ဒါမှမဟုတ် အရင်ကရှိခဲ့တဲ့ class တစ်ခုခုကို မလိုအပ်တော့လို့ ဖျက်ပစ်လိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ရဲ့ Project ဟာ build error တွေ ရှိလာနိုင်ပါတယ်။


The Solution: Separating into a Class Library

ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ Database Layer ကို သီးသန့် Class Library project တစ်ခုအနေနဲ့ ခွဲထုတ်လိုက်တာပါပဲ။ ဆိုလိုတာက EF Core က generate လုပ်ပေးတဲ့ DbContext နဲ့ Model class တွေအားလုံးကို အဲ့ဒီ Library အသစ်ထဲမှာပဲ ထားမှာဖြစ်ပါတယ်။

ဒီလိုခွဲထုတ်လိုက်ခြင်းရဲ့ အဓိကကောင်းကျိုးတွေကို ကြည့်လိုက်ရအောင်။

1. Easy Maintenance (ထိန်းသိမ်းရလွယ်ကူခြင်း)

ကျွန်တော်တို့ရဲ့ Database schema မှာ အပြောင်းအလဲရှိလို့ scaffolding command ကို ပြန် run ရတဲ့အခါ ပြောင်းလဲမှုတွေအားလုံးဟာ သီးသန့်ခွဲထုတ်ထားတဲ့ Database Library ထဲမှာပဲ ဖြစ်ပေါ်မှာပါ။ ကျွန်တော်တို့ရဲ့ အဓိက Application Project (ဥပမာ - Web API, MVC) ကို လုံးဝထိခိုက်မှုမရှိတော့ပါဘူး။ Database Library တစ်ခုတည်းကိုပဲ update လုပ်ပြီးရင် ကျန်တဲ့ Project တွေက အဲ့ဒီ Library ကို reference လုပ်ပြီး အသုံးပြုရုံပါပဲ။

2. Avoiding Build Errors (Build Error များကို ရှောင်ရှားနိုင်ခြင်း)

အရင်ကလို Project တစ်ခုတည်းမှာ ရောထွေးမနေတော့တဲ့အတွက် scaffolding command ကြောင့် ကျွန်တော်တို့ရေးထားတဲ့ custom service တွေ၊ business logic တွေ ပျက်စီးသွားမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။ Database Library မှာ EF Core က generate လုပ်ပေးတဲ့ code တွေသက်သက်ပဲ ရှိသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ custom logic တွေကို အဲ့ဒီ Library ထဲမှာ ရေးသားခြင်းမပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ command ကို ဘယ်နှစ်ခါ run run ကျွန်တော်တို့ရဲ့ main project က build error မတက်တော့မှာ ဖြစ်ပါတယ်။

Note

Database Library မှာ EF Core က generate လုပ်ပေးတဲ့ code တွေပဲ သီးသန့်ရှိနေသင့်ပါတယ်။ ကိုယ်ပိုင် business logic တွေ၊ service တွေကို အဲ့ဒီ Library ထဲမှာ ထပ်ပြီးမရေးသင့်ပါဘူး။

3. Better Project Structure [Separation of Concerns] (ပိုမိုကောင်းမွန်သော Project တည်ဆောက်ပုံ)

ဒါဟာ Software Engineering မှာ အလွန်အရေးကြီးတဲ့ "Separation of Concerns" ဆိုတဲ့ Rule နဲ့ ကိုက်ညီပါတယ်။ ကျွန်တော်တို့ရဲ့ project မှာ အလွှာ (Layer) တွေ သေသေချာချာခွဲထားလိုက်တာနဲ့တူပါတယ်။

  • Database Layer (ကျွန်တော်တို့ရဲ့ Class Library အသစ်): သူ့ရဲ့အဓိကတာဝန်က Database နဲ့ ဆက်သွယ်ဖို့၊ Data တွေကို ဖတ်ဖို့၊ ရေးဖို့သက်သက်ပါပဲ။
  • Application Layer (ကျွန်တော်တို့ရဲ့ Web API/MVC Project): ဒီ Layer ကတော့ business logic တွေ၊ user request တွေကို စီမံခန့်ခွဲဖို့ တာဝန်ယူပါတယ်။ သူက Data လိုအပ်ရင် Database Layer ကို လှမ်းခေါ်သုံးပါမယ်။

ဒီလို Layer တွေခွဲထားတဲ့အတွက် Project ဟာ ပိုပြီးရှင်းလင်းတယ်၊ နားလည်ရလွယ်ကူတယ်၊ အဖွဲ့လိုက်လုပ်ဆောင်တဲ့အခါမှာလည်း အလွန်အဆင်ပြေစေပါတယ်။


How We Can Implement This

ဘယ်လိုစပြီး အကောင်အထည်ဖော်မလဲ

ကျွန်တော်တို့ရဲ့ Solution ထဲမှာ Class Library Project အသစ်တစ်ခုကို အခုလို ဆောက်ပါမယ်။ ဥပမာအနေနဲ့ MiniPOS.Database လို့ နာမည်ပေးလိုက်ပါမယ်။

ပြီးရင် Terminal သို့မဟုတ် Command Prompt ကို MiniPOS.Database project ရဲ့ directory မှာဖွင့်ပြီး dotnet ef command ကို run ပါမယ်။ ဒီမှာ command နမူနာကို ရေးပြပါမယ်။

dotnet ef dbcontext scaffold "Server=.;Database=MiniPOS;User ID=sa;Password=sasa@123;TrustServerCertificate=True;" Microsoft.EntityFrameworkCore.SqlServer -o AppDbContextModels -c AppDbContext -f

ဒီ command ကို run ပြီးရင် MiniPOS.Database project ထဲမှာ AppDbContextModels ဆိုတဲ့ Folder အသစ်တစ်ခုကို ဆောက်ပေးပါမယ်။ အဲ့ဒီ Folder ထဲမှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ DbContext class (-c AppDbContext) နဲ့ Database table တွေအားလုံးအတွက် Model class တွေကို generate လုပ်ပြီး ထည့်ပေးသွားမှာ ဖြစ်ပါတယ်။ -f (force) option ကတော့ ရှိပြီးသား file တွေအပေါ်မှာ အသစ်ထပ်ရေး overwrite လုပ်သွားဖို့ဖြစ်ပါတယ်။

ပြီးရင် ကျွန်တော်တို့ရဲ့ အဓိက Project (ဥပမာ MiniPOS.WebAPI) ကနေ MiniPOS.Database project ကို reference လုပ်ပြီး AppDbContext ကို လှမ်းအသုံးပြုရုံပါပဲ။

ဒီနည်းလမ်းကို အသုံးပြုခြင်းအားဖြင့်၊ နောက်ပိုင်းတွေမှာ Database maintenance လုပ်ရတာ၊ feature အသစ်တွေ ထပ်တိုးရတာတွေက အရင်ကထက် အများကြီးပိုပြီး လွယ်ကူ၊ မြန်ဆန်၊ စိတ်ချရမှာဖြစ်ပါတယ်။